Latest Announcement
feature-image-577

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့၊ နံနက် ၁ နာရီ ၅၂ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး၊ တံခွန်တိုင်ရပ်ကွက်၊ စကောစုရပ်တွင် ပိုင်ရှင် ဒေါ်ချိုချိုဦး၏ (၁၅x၄၀)ပေ၊ သွပ်မိုး၊ သွပ်ပြားကာ၊ အုတ်ခင်း(၁)ထပ် “Mobile World” အာမခံဖုန်း(Second)ရောင်းဝယ်ရေးဆိုင်အတွင်း အင်ဗာတာအပူလွန်ကဲရာမှ အောက်ရှိ ဖုန်းအပို ပစ္စည်းများပေါ်သို့ မီးပွားကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြည်ကြီးတံခွန် မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ် (၈)စီး၊ ရေသယ်ယာဉ် (၄)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၉ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၁၅x၄၀)ပေ၊ သွပ်မိုး၊ သွပ်ပြားကာ၊ အုတ်ခင်း(၁)ထပ် “Mobile World” အာမခံဖုန်း(Second) ရောင်းဝယ်ရေးဆိုင် အဆောက်အဦ(၁)လုံး၊ MDY 16/6M-9053 Suzuki Carry ကား (၁)စီး၊ ဆိုင်ကယ်(၂)စီး၊ ဖုန်းနှင့် ဖုန်းအပိုပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဒေါ်ချိုချိုဦးအား ပြည်ကြီးတံခွန်မြို့မရဲစခန်းမှ (ပ)၉၀/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။

နောက်ဆုံးရ သတင်းများ