Latest Announcement

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့သမိုင်းအကျဉ်းချုပ်

သမိုင်းမှတ်တမ်းများအရ ပုဂံခေတ်အနော်ရထာမင်းစော (အေဒီ-၁၀၄၄-၁၀၇၇)လက်ထက်ကပင် မီးကပ် တပ်သား (၆၆၃)ဦး(သောသောညံပုဂံမီးဆော်မောင်း)ခန့်ထားပြီး ပုဂံနေပြည်တော်၏ မီးဘေးကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့ပါသည်။ ရှေးခေတ်မြန်မာမင်း အဆက်ဆက်လက်ထက်တွင်လည်း မီးဘေးကာကွယ်ရေး အမိန့်ပြန်တမ်းများ ထုတ်ပြန်ပြီး နိုင်ငံတော်မီးဘေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် အထောက် အထားများရှိပါသည်။ ပထမဦးဆုံးသော ရန်ကုန်မြူနီစီပါယ်မီးသတ်ကို ၁၈၈၅ခုနှစ်တွင်တည်ထောင်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် ရန်ကုန်မြူနီစီပယ်အက်ဥပဒေအရ စေတနာ့ဝန်ထမ်းမီးသတ်အဖွဲ့အစည်းကို စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၄ရခုနှစ်၊ ဖေဖော်ဝါရီလ (၃)ရက်နေ့တွင် ပညာရေးနှင့် ဒေသန္တရအုပ်ချုပ်ရေးဌာန၏ အမိန့်အရ မီးဘေးတားဆီးရေးနှင့် မီးဘေးကာကွယ်ရေးကိစ္စရပ်များကိုဆောင်ရွက်ရန် မီးသတ်ဌာနကိုမီးသတ်ညွှန်ကြားရေးဝန်အပါအဝင် အရာထမ်း၊အမှုထမ်း(၂၁)ဦးတို့ဖြင့်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၅၂ ခုနှစ်၊ မတ်လ(၂၈)ရက်နေ့တွင် မီးသတ်ဝန်ထမ်းအက်ဥပဒေအမှတ်(၆)ပြဌာန်းပြီး ပြည်ထဲရေးဝန်ကြီးဌာနခွဲ၊ နိုင်ငံတော်အစိုးရမီးသတ်ဌာနတွင် ဝန်ထမ်း(၆၃၆)ဦးဖြင့်ဖွဲ့စည်းခဲ့ပါသည်။ ၁၉၆၃ ခုနှစ် မီးသတ်တပ်ဖွဲ့ဥပဒေကို အသစ်ထုတ်ပြန်ပြဌာန်းခဲ့သည်။၁၉၇၂ ခုနှစ်၊ စနစ်သစ်အုပ်ချုပ်ရေးဖော်ထုတ်မှု အစီအစဉ်အရ အခြားဌာနများနှင့် ဝန်ထမ်း (၄၄၈)ဦး ပြောင်းရွှေ့ ရောက်ရှိလာရာဝန်ထမ်းအင်အား(၁၇၉၈)ဦးအထိတိုးတက်လာခဲ့ပြီး (၂၄)နာရီတာဝန် ထမ်းဆောင်သည့် မီးသတ်တပ်ဖွဲ့ဖြစ်လာခဲ့ပါသည်။ ၁၉၈၀ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့မှစတင်၍ ရိက္ခာငွေများ ခံစားခွင့်ရရှိခဲ့ပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့လက်ထက် ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်၍ ဖွဲ့စည်းပုံ ကို(၂၅၈၁)ဦးအထိ အင်အားတိုးချဲ့ဖွဲ့စည်းခဲ့ပြီး ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင်မီးသတ်လုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွှက်နိုင်ရန် ပြည်ထဲရေးနှင့် သာသနာရေးဝန်ကြီးဌာနမှှလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန် ကြီးဌာနသို့ ပြောင်းရွှေ့ခဲ့ပါသည်။နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ လက်ထက် ၁၉၉၈ခုနှစ်၊ ဧပြီလ(၃၀)ရက်နေ့ တွင် အရာထမ်း၊အမှုထမ်း(၈၂၂)ဦးပါဝင်သော ဗဟိုမီးသတ် သင်တန်း ကျောင်းကြီးကို ဖွင့်လှစ်ခဲ့ပါသည်။၂၀၁၁ ခုနှစ်တွင် မီးသတ်စခန်းများအား ယူနစ်အဆင့်မြှင့်တင်ရန် (၇၁၆၇)ဦး ဖွဲ့စည်းပုံ တင်ပြခွင့်ပြုချက်ရရှိခဲ့ပါသည်။ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရလက်ထက်တွင် မီးသတ်ဦးစီးဌာနသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်မှ ၆-၁၁-၂၀၁၂ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလတွင် မီးသတ်ဦးစီးဌာန၏ လုပ်ငန်းလိုအပ်ချက်အရ အရာထမ်း ၇၃၅ ဦး၊ အမှုထမ်း ၂၃၈၆၄ ဦး၊ စုုစုပေါင်း ဖွဲ့စည်းပုံအင်အား ၂၄၅၉၉ ဦးဖြင့် မီးဘေးလုံခြုံရေးလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။

မီးသတ်ဦးစီးဌာန၏ရည်ရွယ်ချက်

မီးသတ်ဦးစီးဌာနသည် ပြည်သူလူထု၏ အသက်အိုးအိမ်ပစ္စည်းများ၊ နိုင်ငံတော်အတွင်းရှိကုန်ထုတ် အရင်းအနှီးများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်နှင့်သဘာဝဘေးအန္တရာယ် အပါအဝင် အခြားသော ဘေးအန္တရာယ်များ ကျရောက်သည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေးလုပ်ငန်းများကို တာဝန်ယူ ဆောင်ရွက်ရန်။

မီးသတ်ဦးစီးဌာန၏ရည်မှန်းချက်တာဝန် ( ၄ )ရပ်

မီးသတ်တပ်ဖွဲ့နေ့ (၅-၅-၁၉၄၆)

မီးသတ်အစည်းအရုံးများစုစည်းရန် ၁၉၄၆ ခုနှစ်မေလ(၅)ရက်နေ့တွင်ဗမာနိုင်ငံလုံးဆိုင်ရာစေတနာ့ဝန်ထမ်း မီးသတ်အစည်း အရုံး ညီလာခံကြီးကိုရန်ကုန်မြို့၊ကန်တော်ကလေး၊ ဇိနတ်အစ္စလာမ်အမျိုးသမီးကျောင်းတွင် ကျင်းပခဲ့ရာတစ်ပြည်လုံးရှိ(၁၉)ခရိုင်မှကိုယ်စားလှယ်ပေါင်း(၁၉၇)ဦးစုံညီစွာတက်ရောက်ခဲ့ကြသည်။နာယကလူကြီးများမှာဦးအောင်ဆန်း၊ဦးဘချို၊ဦးဘဂျမ်း၊သခင်မြ၊ဦးဘဖေကြီး၊ဦးစိုးညွန့်ဟင်္သာတဦးမြ၊ဦးတင်(မြန်မာ့အလင်း)၊ဦးမြ(ပျော်ဘွယ်)သခင်သန်းထွန်း၊ဦးဘဝင်း၊ဗန္ဓုလဦးစိန်တို့ဖြစ်ကြသည်အဆိုပါအခမ်း အနားသို့အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင် တက်ရောက်ခဲ့ပြီးမီးသတ်လုပ်ငန်းနှင့်ပတ်သက်၍လမ်းညွှန်သြဝါဒမိန့်ကြားခဲ့သည်၊ဗမာနိုင်ငံလုံးဆိုင်ရာမီးသတ်ညီလာခံကျင်းပခဲ့သည့်မေလ(၅)ရက်နေ့ကိုမီးသတ်တပ်ဖွဲ့နေ့အဖြစ်နှစ်စဉ်ကျင်းပခဲ့သည်။

မီးသတ်ဦးစီးဌာန၏လုပ်ငန်းစဉ်ကြီး(၇)ရပ်

မီးသတ်ဦးစီးဌာန၏လုပ်ငန်းစဉ်ကြီး(၇)ရပ်မှာ-

မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

မြန်မာနိုင်ငံတွင်မီးသတ်တပ်ဖွဲ့ကိုသုံးမျိုးခွဲခြားထားပါသည်-

မီးသတ်သင်တန်း​ကျောင်း (ရန်ကုန်) သမိုင်းအကျဉ်း

မီးသတ်သင်တန်းကျောင်း(ရန်ကုန်)ကို ၁၉၅၂ ခုနှစ်မှစတင်၍ အမှတ်(၁၇၁)၊ အလုံလမ်း၊ ဒဂုံမြို့နယ် (ယခု ပြည်သူ့ရင်ပြင်) တည်ရှိရာနေရာတွင် စတင်ဖွင့်လှစ်ခဲ့သည်။ ၁၉၆၃ ခုနှစ်မှ ၁၉၆၈ ခုနှစ် အထိ ပြည်လမ်း နှင့်အလုံလမ်းထောင့်ရှိ သနက(၄)တပ်ရင်း (ယခုပြည်သူ့လွှတ်တော်) တည်ရှိရာနေရာတွင် ပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး အခြေခံမီးသတ်သင်တန်းအပတ်စဉ်(၁) မှ (၁၈)အထိ ဖွင့်လှစ်သင်ကြား ခဲ့သည်။ ၁၉၆၉ ခုနှစ်မှ ၁၉၉၄ ခုနှစ်အထိ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ နာဂလှိုဏ်ဂူ ကုန်းမြင့် (ယခု စွယ်တော်မြတ်စေတီ) တည်ထားကိုးကွယ်သည့်နေရာတွင် သင်တန်းကျောင်းပြောင်းရွှေ့ ဖွင့်လှစ်ခဲ့ပြီး အခြေခံမီးသတ်သင်တန်းကို အမှတ်စဉ် (၁၉) မှ (၉၂) အထိ ဖွင့်လှစ်သင်ကြားခဲ့သည်။ ၁၉၉၆ ခုနှစ်မှစတင်၍ မရမ်းကုန်းမြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အုတ်ပုံဆိပ်လမ်းနှင့် စွယ်တော်မြတ် စေတီလမ်းထောင့်ရှိ ယခုနေရာသို့ ပြောင်းရွှေ့ခဲ့ပြီး အခြေခံမီးသတ်သင်တန်း အမှတ်စဉ် (၉၃)နှင့် (၉၄)အထိ သင်တန်းများဖွင့်လှစ်ခဲ့သည်။ မီးသတ်သင်တန်းကျောင်း(ရန်ကုန်)တွင် အောက်ပါသင်တန်းများအား သင်ကြားလေ့ကျင့်ပေး လျှက်ရှိ ပါသည်-

ဗဟိုမီးသတ်သင်တန်းကျောင်းသမိုင်းအကျဉ်း

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အုတ်ပုံဆိပ်လမ်းတွင် မီးသတ်သင်တန်းကျောင်း တစ်ကျောင်းတည်းရှိသည့်အနေအထားမှ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်အရ အထက် မြန်မာပြည်တွင် အဆင့်မြင့်မီးသတ်သင်တန်းနှင့် စစ်ပညာသင်တန်းများ သင်ကြားပို့ချရန် “အထက် မြန်မာပြည် အဆင့်မြင့်မီးသတ်သင်တန်းကျောင်း”ကို မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ရေတံခွန်တောင်၊ ရှင်တော်ကုန်းရေကြည်ကွင်းအမှတ်(၅၀၇)၊ (၅၀၉)နှင့် (၅၄၈)ရှိ မြေဧက (၁၇၃.၃၁)မြေနေရာတွင် ၁၉၉ရခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ဗဟိုမီးသတ် သင်တန်းကျောင်း (Central Fire Services Training School) ဟု ခေါ်ဝေါ်သတ်မှတ်ပေးခဲ့ ပါသည်။နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌ၏ လမ်းညွှန်မှုအရ မြန်မာ နိုင်ငံတစ်ဝှမ်းလုံးရှိ သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များအား နိုင်ငံတော်၏ အရန်အင်အားများ အဖြစ် ဖွဲ့စည်းတည်ဆောက်လေ့ကျင့်ပေးရန်နှင့် အဆင့်မြင့်မီးသတ်သင်တန်းများ သင်ကြားပို့ချ ပေးသွားရန် ရေတံခွန်တောင် ဗဟိုမီးသတ်သင်တန်းကျောင်းအား မန္တလေးတိုင်း၊ ပြင်ဦးလွင် မြို့နယ်၊မန္တလေး-ပြင်ဦးလွင် ကားလမ်း၏ မြောက်ဘက်(၂.၃)မိုင်ခန့်အကွာ ဇီးပင်ကြီးကျေးရွာအနီး ဗဟိုဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နှင့် ရဲဗဟိုလေ့ကျင့်ရေးဌာနတို့နှင့် နယ်နိမိတ်ခြင်း ဆက်စပ်လျက် မြေဧက (၁၆၇၁) ရှိ မြေနေရာတွင် ဗဟိုမီးသတ်သင်တန်းကျောင်းကို ၁၉၉၈-၁၉၉၉ ခု ဘဏ္ဍာရေးနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၉ ခုနှစ်၊မေလ (၁၆) ရက်နေ့ တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုရေးကောင်စီအတွင်းရေးမှူး (၁) ကိုယ်တိုင်ဖွင့်လှစ်ပေးခဲ့ကာ သင်တန်းများကို စတင်သင်ကြားလေ့ကျင့်ပေးခဲ့ပါသည်။ဗဟိုမီးသတ်သင်တန်းကျောင်းကို မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား နိုင်ငံတော်အေးချမ်းသာယာရေး၏ အရန်အင်အားအဖြစ် ဖွဲ့စည်း လေ့ကျင့်တာဝန်ပေးအပ်နိုင်ရန်အတွက်စစ်ပညာရပ်များလေ့ကျင့်သင်ကြားပေးနိုင်ရန်နှင့် မီးသတ်ပညာ အခြေခံနှင့်အဆင့်မြင့်မီးသတ်ပညာရပ်များကို သင်ကြားပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ဖွင့်လှစ်ခဲ့ ပါသည်။ဗဟိုမီးသတ်သင်တန်းကျောင်းတွင် အောက်ပါသင်တန်းများအားသင်ကြား လေ့ကျင့်ပေးလျှက် ရှိပါသည်-