Latest Announcement
feature-image-585

၂၀၂၄ ခုနှစ်၊ မေလ ၄ ရက်နေ့၊ နံနက် ၅ နာရီ ၁၅ အချိန်ခန့်၊ မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဝက်လက်ကျေးရွာအုပ်စု၊ ရွာသာကျေးရွာ၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၉၁/၆)နှင့် (၂၉၁/၇)ကြားတွင် ရန်ကုန်မှ စစ်ကိုင်းစက်မှုဇုန်သို့ ယာဉ်မောင်း ဦးနိုင်ဝင်းမိုး မောင်းနှင်လာသော FUSO အမျိုးအစား (အပြာရောင်) (၂၂)ဘီးယာဉ်သည် မောင်းနှင်လာစဉ် ယာဉ်၏ဝဲဘက်အလယ်ဘီး တာယာပွင့်ပြီး ကတ္တရာလမ်းနှင့် ပွတ်တိုက်ရာမှတစ်ဆင့် မီးပွားထွက်ပြီး မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ပျော်ဘွယ်မြို့နယ် မီးသတ်စခန်း၊ ပြည်သာယာနယ်မြေမီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ယာဉ်(၃)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၃၀ အချိန် မီးငြိမ်းပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ယာဉ်၏တာယာ(စတီး)(၆)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦးနိုင်ဝင်းမိုးအား ပျော်ဘွယ်မြို့ မြို့မရဲစခန်းမှ ယာဉ်(ပ) ၂၈/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။



နောက်ဆုံးရ သတင်းများ