Latest Announcement
feature-image-584

၂၀၂၄ ခုနှစ်၊ မေလ ၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်း ဒေသကြီး၊ သာကေတမြို့နယ်၊ ၂/မြောက်ရပ်ကွက်၊ အနော်မာအရှေ့(၁၈)လမ်းတွင် ပိုင်ရှင် ဦးစိုးရန်ပိုင်၏ (၁၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၂)ထပ် နေအိမ်၏ အပေါ်ထပ်တွင် သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုး အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာကေတမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးသတ်ယာဉ်(၆)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လည် ၂ နာရီ ၂၂ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၁၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၂)ထပ် နေအိမ်(၁)လုံး၊ (၁၀x၆၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၁)ထပ် နေအိမ်(၁)လုံး စုစုပေါင်း နေအိမ်(၂)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးစိုးရန်ပိုင်အား သာကေတမြို့မရဲစခန်းမှ (ပ) ၂၀၆ /၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ