Latest Announcement
feature-image-546

၂၀၂၄ ခုနှစ်၊ မတ်လ ၆ ရက်နေ့၊ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ မိုင်တိုင်အမှတ်(၂၉၇/၁)၊ ဘုန်းကျော်သာ စက်သုံးဆီဆိုင်ရှေ့တွင် ယာဉ်မောင်း ဦးဇင်မျိုးထွန်း မောင်းနှင်လာသော NISSAN အမျိုးအစား(အစိမ်းရောင်) (၂၂)ဘီး (92အောက်တိန်း၊ ဒီဇယ်၊ ပရီမီယံဒီဇယ်) တင်ဆောင်လာသောယာဉ်သည် မောင်းနှင်နေစဉ် ယာဘက်(ရှေ့)ဘီး တာယာပွင့်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ ဝဲဘက်ခြမ်းတွင် တိမ်းမှောက်၍ မီးပွားထွက်ပြီး မီးလောင်ကျွမ်းမှုဖြစ်ပွား‌ကြောင်း သတင်းရရှိသဖြင့် မိတ္ထီလာခရိုင်မီးသတ်စခန်း၊ ရမည်းသင်းခရိုင်မီးသတ်စခန်း၊ ပျော်ဘွယ်မြို့နယ်မီးသတ်စခန်း၊ ယင်းတော်နယ်မြေမီးသတ်စခန်းနှင့် ပြည်သာယာနယ်မြေမီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ်(၂)စီး၊ မီးသတ်ယာဉ်(၁၄)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၀ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် NISSAN အမျိုးအစား(အစိမ်းရောင်) (၂၂)ဘီးယာဉ်(၁)စီး၊ စက်သုံးဆီ (92အောက်တိန်း၊ ဒီဇယ်၊ ပရီမီယံဒီဇယ်)လီတာ (၄၀၀၀၀)ခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ယာဉ်မောင်း ဦးဇင်မျိုးထွန်းအား ပျော်ဘွယ်မြို့၊ မြို့မရဲစခန်းမှ ယာဉ်(ပ)၁၇/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၇၉/၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။




နောက်ဆုံးရ သတင်းများ