Latest Announcement
feature-image-576

၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့၊ နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က မကေွးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် အိမ်ရှင် ဦးကျော်ဇင်ဝင်း၏ (၁၀x၁၅)ပေ၊ ထန်းရွက်မိုး ၊ ထန်းလက်ကာ၊ မြေစိုက်နေအိမ်တွင် မီးဖိုမှတစ်ဆင့် အနီးရှိ ထန်းလက် အကာသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေစကြိုမြို့နယ်မီးသတ်စခန်းနှင့် ပခန်းကြီးနယ်မြေမီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၁၀x၁၅)ပေ၊ ထန်းရွက်မိုး ၊ ထန်းလက်ကာ၊ မြေစိုက်နေအိမ်(၁၉)လုံး၊ (၂၀x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်နေအိမ်(၅)လုံး၊ (၂၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ(၁)ထပ် နေအိမ်(၂)လုံး၊ (၂၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်နေအိမ်(၁)လုံး ၊ စုစုပေါင်းနေအိမ်(၂၇)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဦးကျော်ဇင်ဝင်းအား ပခန်းကြီးနယ်မြေရဲစခန်းမှ (ပ)၁၆/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ