Latest Announcement
feature-image-581

၂၀၂၄ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နိုင်ငံအဝှမ်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ သက်ဆိုင်ရာတိုင်း‌ဒေသကြီး/ ပြည်နယ်များအလိုက် မိမိတို့ဒေသရှိ သာသနိကအဆောက်အဦများ၊ အများပြည်သူနှင့်သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်း၊ သွေးလှူဘဏ်များ/ဆေးရုံကြီးများရှိ သွေးဌာနများတွင် စုပေါင်းသွေးလှူဒါန်းခြင်းစသော ပြည်သူ့ အကျိုးပြုလုပ်ငန်းများကို အသီးသီးပြုလုပ်ဆောင်ရွက်ခြင်းများကို နှစ်စဉ် အစဉ်အလာမပျက် ဆောင်ရွက်ခဲ့ကြပါသည်။

နေပြည်တော်ပြည်သူ့ဆေးရုံကြီး(ခုတင် ၁၀၀၀)တွင် စုပေါင်းသွေးလှူဒါန်းခြင်းအခမ်းအနားအား ၂၀၂၄ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ သန္ဓေ/အရန်မီးသတ်တပ်ဖွဲ့ဝင်အင်အား(၆၃)ဦး ဖြင့် စုပေါင်းသွေးလှူဒါန်းခြင်း၊ ဆေးရုံဝင်းအတွင်း ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းအား သန္ဓေ/အရန် မီးသတ်တပ်ဖွဲ့ဝင်အင်အား(၃၀၀)ဦးဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ရာ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် အရာရှိကြီးများ တက်ရောက်ချီးမြှင့်ခဲ့ပြီး၊ သွေးလှူဒါန်းသည့် သန္ဓေ/အရန်မီးသတ် တပ်ဖွဲ့ဝင်များအား အားဖြည့်အစာအဟာရများဖြင့် ထောက်ပံ့ပေးအပ်ခြင်း၊ ဆေးရုံဝင်းအတွင်း သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေမြောင်းများသန့်ရှင်းရေးပြုလုပ်ခြင်း၊ အမှိုက်များရှင်းလင်းခြင်းစသည့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လှည့်လည်အားပေးကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ