Latest Announcement
feature-image-573

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၈ ရက်နေ့၊ နေ့လည် ၂ နာရီ ၃၅ မိနစ်ခန့်က စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ ချင်းစုရပ်ကွက်၊ နယ်မြေ(၁)တွင် အိမ်ရှင် ဒေါ်တင်မို့မို့၏ (၂၃x၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် လျှပ်စစ်မိန်းပလပ်ခုံ Short Circuit ဖြစ်ပြီး မီးပွားထွက်ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စစ်ကိုင်းခရိုင်/မြို့နယ်မီးသတ်စခန်း၊ စိန်ကုန်း အရန်မီးသတ်စခန်းနှင့် ထုံဘိုအရန်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင် များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ မီးငြှိမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၂)စီး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လည် ၁၅ ၀၅ နာရီတွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၂၃x၁၈)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်(၁)လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ရှင် ဒေါ်တင်မို့မို့အား စစ်ကိုင်းမြို့မရဲစခန်းမှ (ပ)၁၀၆/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ