Latest Announcement
feature-image-566

၂၀၂၄ ခုနှစ်၊ ဧပြီလ ၁၀ ရက်နေ့၊ နံနက် ၃ နာရီ ၅၂ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ (၉)ရပ်ကွက်၊ ဝါယာလတ်(၂)လမ်းတွင် ယာဉ်မောင်း ဦးကြည်ရွှေ၏ Probox (အဖြူရောင်)အငှားယာဉ်သည် ကားစက်နှိုးစဉ် ဘက်ထရီခေါင်းလုစ်ဖြစ်ရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွား‌ကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၂)စီးဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၄ နာရီ ၆ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် Probox (အဖြူရောင်)အငှားယာဉ်၏ ကားခေါင်းပိုင်း၊ ရှေ့လေကာမှန်၊ ကားအတွင်းပိုင်း၊ တာယာ(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးကြည်ရွှေအား မရမ်းကုန်းမြို့မရဲစခန်းမှ ယာဉ်(ပ) ၈၉/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။