Latest Announcement
feature-image-565

၂၀၂၄ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့၊ နံနက် ၁ နာရီ ၅၀ မိနစ်ခန့်က ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်တွင် အိမ်ငှား ဦးယောဆွ၏ (၂၄x၁၈)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်တွင် (၃)မိနစ် ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲ၍ အနီးရှိ နံရံသို့ မီးကူးစက်လောင်ကျွမ်း မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဟားခါးခရိုင်/မြို့နယ်မီးသတ်စခန်းများမှ သန္ဓေမီးသတ် တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၂ နာရီ ၄၀ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၂၄x၁၈)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်(၃)လုံး၊ (၂၈x၁၈)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် နေအိမ်(၁)လုံး၊ (၁၆x၁၄)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် မီးဖိုဆောင်(၂)လုံး၊ (၁၆x၁၈)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် မီးဖိုဆောင်(၁)လုံး၊ (၃၂x၁၈)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် မီးဖိုဆောင်(၁)လုံး၊ စုစုပေါင်း နေအိမ်(၄)လုံးနှင့် မီးဖိုဆောင် (၄)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဦးယောဆွအား ဟားခါးမြို့မရဲစခန်းမှ (ပ)၁၅/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။