၂၀၂၄ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့၊ နံနက် ၁၁ နာရီ ၂၂ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ်၊ ဘိုးသာအောင်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်ကုန်းကျေးရွာတွင် ပိုင်ရှင် ဒေါ်ဝင်းကြည်၏ (၃၀x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်အောက်ထပ်ရှိ မီးဖိုဆောင်တွင် လူစောင့်မရှိဘဲ ထင်းမီးဖိုဖြင့် ရေနွေးအိုးကျိုရာမှတစ်ဆင့် မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေါင်းတည်မြို့နယ်မီးသတ်စခန်း၊ နတ္တလင်းမြို့နယ်မီးသတ်စခန်း၊ မင်းကွက်(၁)အရန် မီးသတ်စခန်းနှင့် ပျဉ်းပင်ကန်အရန်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် မီးငြိှမ်းသတ်ယာဉ်(၄)စီး၊ ရေသယ်ယာဉ်(၄)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၃၀x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်(၁)လုံး၊ (၃၀x၃၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်၏ အပေါ်ထပ် ဘေးပျဉ်ကာများ မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ဝင်းကြည်အား ပေါင်းတည်မြို့မရဲစခန်းမှ (ပ)၁၂၀/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။