Latest Announcement
feature-image-230

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇(B)x၅၇(C)ကြား၊ ၁၁၀လမ်းနှင့် ၁၁၀(A)ကြားတွင် ၂.၁.၂၀၂၃ ရက်နေ့၊ ၀၈ ၂၅ အချိန်ခန့်က ပိုင်ရှင် ဒေါ်ငြိမ်းစုတင်၏ (၇၀x၅၅)ပေ၊ RC(မြေအောက်ထပ်ပါ)(၃)ထပ်၏ ပထမထပ်ရှိ “ဆိုင်ကယ်အပိုပစ္စည်းအရောင်းဆိုင်”တွင် Main Switch အပူလွန်ကဲပြီး အနီးရှိ ဆိုင်ကယ်အပိုပစ္စည်းများတင်ထားသည့် အထပ်သားစင်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ချမ်းမြသာစည်မြို့နယ်မီးသတ်စခန်းမှ ၀၈ ၃၀ အချိန် သတင်းရရှိသဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ် (၃)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ်(၁၅)စီး၊ သန္ဓေ(၆၈)ဦး၊ အရန်(၁၀၀)ဦးတို့ဖြင့် ရေဂါလန် (၁၅၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၀ ၀၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် ဆိုင်ကယ်အပိုပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဆိုင်တာဝန်ခံ ဦးကျော်သူအောင်အား ချမ်းမြသာစည်မြို့နယ်၊ အောင်ပင်လယ်နယ်မြေရဲစခန်းမှ (ပ)၃/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


နောက်ဆုံးရ သတင်းများ