Latest Announcement
feature-image-229

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စကားဝါလမ်း မြေတိုင်း(၃၁)၊ ခြံအမှတ်(၁၅၅)ရှိ အထည်လိပ်ဂိုဒေါင်တွင် ၂.၁.၂၀၂၃ ရက်နေ့၊ ၁၁ ၄၅ အချိန်ခန့်က ပိုင်ရှင်ဦးညွန့်ဝင်း၏ (၄၀x၅၀)ပေ Steel Structure (၁)ထပ် အထည်လိပ် ဂိုဒေါင်အတွင်း ခြင်ဆေးခွေထွန်းထားရာမှ အနီးရှိ ဖြတ်စညှပ်စအဝတ်ပုံပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ရွှေပြည်သာမြို့နယ် မီးသတ်စခန်းမှ ၁၁ ၅၅ အချိန် သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၃)စီး၊ ရေသယ်ယာဉ်(၇)စီး၊ သန္ဓေ(၈၄)ဦး၊ အရန်(၆၂)ဦးတို့ဖြင့် ရေဂါလန် (၄၀၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၂ ၅၈ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၄၀x၅၀)ပေ Steel Structure (၁)ထပ် အထည်လိပ်ဂိုဒေါင်(၁)လုံး၊ ဖြတ်စညှပ်စများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဂိုဒေါင်လုံခြုံရေး ဦးရန်နိုင်အား ရွှေပြည်သာမြို့မရဲစခန်းမှ (ပ)၁၂/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



နောက်ဆုံးရ သတင်းများ