Latest Announcement
feature-image-228

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲ(၁)ရပ်ကွက်၊ အမှတ်(၅၄)၊ အမှတ်(၃)လမ်းမကြီးနှင့် ဘုရင့်နောင်လမ်းထောင့်ရှိ ကားအရောင်းပြခန်းတွင် ၂.၁.၂၀၂၃ ရက်နေ့၊ ၀၂ ၁၈ အချိန်ခန့်က မန်နေဂျာ ဦးရဲဇော်မိုး၏ (၂၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ် ရုံးခန်းတွင် ရုံးတတ်၊ ရုံးဆင်း လက်ဗွေနှိပ်စက်နှင့်တွဲထားသော ဟောင်းနွမ်းနေသည့် Safe Guard အပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း မင်္ဂလာဒုံမြို့နယ်မီးသတ်စခန်းမှ ၀၂ ၂၃ အချိန် သတင်းရရှိသဖြင့် အုပ်ချုပ်မှုယာဉ် (၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၉)စီး၊ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၄၃)ဦး၊ အရန်(၃၁)ဦးတို့ဖြင့် ရေဂါလန် (၄၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၂ ၃၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ်ရုံးခန်း(၁)လုံး၊ ကွန်ပျူတာ(၂)လုံးနှင့် ရုံးအသုံးအဆောင်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ ကြောင်းနှင့် မန်နေဂျာ ဦးရဲဇော်မိုးအား မင်္ဂလာဒုံမြို့မရဲစခန်းမှ (ပ)၂/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



နောက်ဆုံးရ သတင်းများ