Latest Announcement
feature-image-224

 ရှမ်းပြည်နယ်၊ ဟိုပုံးမြို့၊ ဟိုပုံး-လွိုင်လင်-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် (၁၃၆/၆)နှင့် (၁၃၆/၇)ကြားတွင် ၂၇.၁၂.၂၀၂၂ရက်နေ့၊ ၀၈၀၀ အချိန်ခန့်က ပင်လုံမြို့မှ တောင်ကြီးမြို့သို့ ယာဉ်မောင်း ဦးနိုင်နိုင်လင်းမောင်းနှင်၍ ခရီးသည်(၁၀)ဦး လိုက်ပါလာသော  Light Truck အမျိုးအစား(အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဘယ် ဘက်ရှိ (၁၅)ပေခန့်နက်သော ချောက်အတွင်းသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း ဟိုပုံးမြို့နယ်မီးသတ်စခန်းမှ ၀၈ ၁၃ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ၀၉ ၁၀ အချိန် လုပ်ငန်းဆောင်ရွက် ပြီးစီးပါသည်။ အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါ ကျား(၃)ဦး၊ မ(၈)ဦး စုစုပေါင်း(၁၁)ဦးအနက် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)၊ ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် မ(၄)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ကြက်ခြေနီအသင်းပိုင် သူနာတင်ယာဉ်ဖြင့် ဟိုပုံးမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးနိုင်နိုင်လင်းအား ဟိုပုံးမြို့မရဲစခန်းမှ ယာဉ်(ပ)(၁၀/၂၀၂၂) ရာဇသတ်ကြီး ပုဒ်မ (၂၇၉/၃၃၇/၃၃၈) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရ သည်။

နောက်ဆုံးရ သတင်းများ