Latest Announcement
feature-image-223

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ထောင်လမ်းနှင့်(၅)လမ်းထောင့်တွင် ၂၆.၁၂.၂၀၂၂ ရက်နေ့၊ ၀၀ ၄၅ အချိန်ခန့်က ပိုင်ရှင် ဦးမြသောင်း၏ (၁၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ မြေစိုက် နေအိမ်တွင် သွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း တောင်ငူမြို့နယ်မီးသတ်စခန်းမှ ၀၀ ၅၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ကေတုပရဟိတအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ မဟာမေတ္တာပရဟိတအသင်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ်(၄)စီး၊ သန္ဓေ(၂၁)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန်(၆၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၁ ၁၄ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၁၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ မြေစိုက်နေအိမ်အဆောက်အဦ(၁)လုံး၊ (၁၂x၁၂)ပေ၊ သွပ်မိုး၊ ထရံကာ မြေစိုက်နေအိမ်အဆောက်အဦ(၁)လုံး၊ (၂၅x၂၅)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ် နေအိမ် အဆောက်အဦ(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးမြသောင်းအား တောင်ငူမြို့၊ အမှတ်(၂) ရဲစခန်းမှ (ပ)၁၉၈/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


နောက်ဆုံးရ သတင်းများ