Latest Announcement
feature-image-24

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ နယ်မြေ(၁)၊ သက်တန့်လမ်း၊ အိမ်အမှတ် (၃/၁၄၇)တွင် ၂၁.၃.၂၀၂၂ ရက်နေ့၊ ၁၀ ၂၀ အချိန်ခန့်က ပိုင်ရှင် ဒေါ်ခင်မျိုးလွင်၏ (၂၀x၃၀)ပေ၊ ဝါးတိုင်၊ သွပ်မိုး၊ ထရံကာ၊မြေစိုက်(မီးဖိုတဲ)တွင် လျှပ်စစ်ထမင်းပေါင်းအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးစတင် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ရှမ်းပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ ၁၀ ၂၂ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ တောင်ကြီးခရိုင်နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ တောင်ကြီးမြို့နယ် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်(၆)စီး၊ သန္ဓေ(၃၀)ဦး၊ အရန် (၁၀)ဦးတို့သည် ရေဂါလန်(၂၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၀ ၃၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၃၀)ပေ၊ ဝါးတိုင်၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက်(မီးဖိုတဲ)(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် အိမ်ငှား ဒေါ်ရွှေအား တောင်ကြီးနယ်မြေရဲစခန်းမှ (ပ)၃၈၇/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရ သတင်းများ