Latest Announcement
feature-image-220

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ လေးထောင့်ကန်ရပ်ကွက်၊ ရိပ်သာလမ်း၊ အမှတ် (၁၂၈)တွင် ၂၂.၁၂.၂၀၂၂ ရက်နေ့၊ ၁၂ ၅၃ အချိန်ခန့်က ပိုင်ရှင် ဒေါ်မာမာကျင်၏ (၁၀x၂၅)ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၁)ထပ်နေအိမ်၏ နောက်ဖေးမီးဖိုခန်းတွင် ဂတ်(စ်)မီးဖိုဖြင့် ရေနွေးအိုးတည်ထားပြီး ဘားမပိတ်မိဘဲ မေ့လျော့၍ အပြင်ထွက်သွားခဲ့ရာ ရေနွေးအိုးအပူလွန်ကဲ၍ အနီးရှိသစ်သားနံရံသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ ၁၂ ၅၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ တောင်ဥက္ကလာပမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရှင်သန် ရေးလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၁)စီး၊ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ် ယာဉ်(၁)စီး၊ သန္ဓေ(၃၀)ဦး၊ အရန်(၁၅)ဦးတို့ဖြင့် ရေဂါလန်(၂၂၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၃ ၀၈ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၁၀x၂၅)ပေ၊ သွပ်မိုး၊ ပျဉ်ထောင်၊ ပျဉ်ခင်း(၁)ထပ် နေအိမ်အဆောက်အဦ (၂)လုံး၊ (၂၅x၅၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း (၂)ထပ်နေအိမ် အဆောက်အဦ၏ မှန်ပြတင်းပေါက်တံခါး(၂)ခုနှင့် မျက်နှာကျက်အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်မာမာကျင်အား သင်္ဃန်းကျွန်းမြို့မရဲစခန်းမှ (ပ)၄၂၀/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


နောက်ဆုံးရ သတင်းများ