Latest Announcement
feature-image-219

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ကွမ်လှာကျေးရွာတွင် ၂၀.၁၂.၂၀၂၂ရက်နေ့၊ ၁၂ ၅၀အချိန်ခန့်က ပိုင်ရှင် ဦးမြိုင်၏(၁၅x၂၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ခြေတံရှည်အိမ်တွင် အင်ဗာတာဖြင့် ဓာတ်မီးအားသွင်းခဲ့ရာမှ အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွားကြောင်း သံဖြူဇရပ်မြို့နယ် မီးသတ်စခန်းမှ ၁၂၅၉အချိန် သတင်းရရှိသဖြင့် မုဒုံမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ နှီးပဒေါအရန် မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရောင်းဒေါင်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကွမ်လှာအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး၊ ညောင်ကုန်းအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ် (၁)စီး၊ သန္ဓေ(၂၁)ဦး၊ အရန်(၁၀)ဦး၊ မုဒုံလူမှုကယ်ဆယ်ရေးအသင်းသား(၁၅)ဦးတို့သည် ရေဂါလန် (၈၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၃ ၁၅အချိန် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် (၁၅x၂၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ခြေတံရှည်အိမ်(၁)လုံး၊ (၁၅x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ခြေတံရှည် အိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးမြိုင်အား ကမာဝက်ရဲစခန်းမှ (ပ)၃၄/၂၀၂၂၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်းသိရသည်။


နောက်ဆုံးရ သတင်းများ