Latest Announcement
feature-image-218

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ တောင်ညိုရွာသစ်ကျေးရွာတွင် ၁၉.၁၂.၂၀၂၂ ရက်နေ့၊ ၁၆ ၅၀ အချိန်ခန့်က ပိုင်ရှင် ဦးမောင်မောင်လွင်၏ (၁၂၅x၁၂၅)ပေ၊ ACT Group ကြက်စာကျောက်ခွဲစက်ရုံဝန်းအတွင်းရှိကွင်းပြင်တွင် ဆေးကတ္တရာပေပါအား မီးအပူပေးရာမှ ဆူပွက်လျှံကျပြီး အနီးရှိဝန်ထမ်းလိုင်းခန်းနှင့် ကတ္တရာပေပါများသို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွား ကြောင်း စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ ၁၆ ၅၅ အချိန် သတင်းရရှိ သဖြင့် စစ်ကိုင်းခရိုင်မီးသတ်စခန်းမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ စစ်ကိုင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ် (၁)စီး၊ နီလာနယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် (၁)စီး၊ စိန်ကုန်းအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ဆွမ်းဦးပုညရှင်အရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မြတ်နိုးသူ သစ်အချောထည်စက်ရုံမှ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၁၈)ဦး၊ အရန်(၃၁)ဦး၊ သီးသန့်(၄)ဦး၊ အမှတ်(၂) ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်(၇)ဦး၊ ကျေးရွာနေပြည်သူ (၁၀၀)ဦးခန့်၊ သတ်ဆိုင်ရာ အဖွဲ့အစည်းများဖြင့် ရေဂါလန်(၆၈၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၇ ၂၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၇၀x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁)လုံး၊ ကတ္တရာပေပါ (၂)လုံး၊ မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် စက်ရုံမန်နေဂျာ ဦးအေးကိုအား အမှတ်(၂)ရဲစခန်းမှ (ပ)၆၇/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


နောက်ဆုံးရ သတင်းများ