Latest Announcement
feature-image-217

ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဒေါနလမ်းတွင် ၁၉.၁၂.၂၀၂၂ ရက်နေ့၊ ၀၉ ၅၀ အချိန်ခန့်က ပိုင်ရှင် ဦးစိုးဝင်းသာ၏ (၃၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်တွင် (၈x၁၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း မီးဖိုဆောင်ရှိ ဓါတ်ဆီမီးစက်ဒိုင်နမို(1Hp)အပူလွန်ကဲရာမှ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း မြဝတီခရိုင်မီးသတ်စခန်းမှ ၁၀ ၀၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၂)စီး၊ မြဝတီအရန်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၁၄)ဦး၊ အရန်(၁၅)ဦး တို့ဖြင့် ရေဂါလန်(၅၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၁၀ ၂၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၃၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၂)ထပ်နေအိမ်၏ အပေါ်ထပ်နှင့် (၈x၁၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း မီးဖိုဆောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးစိုးဝင်းသာအား မြဝတီမြို့မရဲစခန်းမှ (ပ)၄၀၃/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


နောက်ဆုံးရ သတင်းများ