Latest Announcement
feature-image-216

ချင်းပြည်နယ်၊ ဟားခါးမြို့၊ ဈေးသစ်ရပ်ကွက်တွင် ၁၈.၁၂.၂၀၂၂ ရက်နေ့၊ ၀၉ ၂၀ အချိန်ခန့်က ပိုင်ရှင် ဦးကျဲအိုကုန်း၏ (၂၇x၁၈)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်တွင် မီးဖိုမီးကြွင်း မီးကျန်မှ ထင်းရှူးသားပျဉ်ခင်းပေါ်သို့ မီးစကျပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း ဟားခါးမြို့နယ် မီးသတ်စခန်းမှ ၀၉ ၂၅ အချိန် သတင်းရရှိသဖြင့် ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ အုပ်ချုပ်မှုယာဉ်(၁)စီး၊ ဟားခါးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၃၀)ဦးတို့သည် တပ်မတော်သား (၈)ဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်(၁၀)ဦးတို့ ပူးပေါင်း၍ ရေဂါလန်(၂၄၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၉ ၅၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၇x၁၈)ပေ၊ သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း(၁)ထပ်နေအိမ်(၁)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ဦးကျဲအိုကုန်း၏ နေအိမ်တွင် အိမ်ဌားနေထိုင်သည့် ဦးထန်လျန်မှုန်အား ဟားခါးမြို့မရဲစခန်းမှ (ပ)၈၂/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။


နောက်ဆုံးရ သတင်းများ