Latest Announcement
feature-image-215

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကာလာပမြို့နယ်၊ ရွှေပေါက်ကံ(၂၀)ရပ်ကွက်၊ ဗိုလ်တေဇလမ်း၊ အမှတ်(၂၉)တွင် ၁၅.၁၂.၂၀၂၂ ရက်နေ့၊ ၀၁ ၃၇ အချိန်ခန့်က ပိုင်ရှင် ဦးနေဝင်းလှိုင်၏ (၃၀x၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ် နေအိမ်အပေါ်ထပ်ရှိ ဘုရားခန်းအတွင်း သွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မြောက်ဉက္ကာလာပမြို့နယ်မီးသတ်စခန်းမှ ၀၁ ၄၂ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ် (၇)စီး၊ ရေသယ်ယာဉ်(၅)စီး၊ သန္ဓေ(၃၀)ဦး၊ အရန်(၂၀)ဦး တို့သည် ရေဂါလန်(၃၀၀၀) ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၁ ၅၂ အချိန် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် နေအိမ်အပေါ်ထပ်တွင် ခင်းထားသော ကြမ်းခင်းပျဉ်ပြားများ (၂၅x၂၀)ပေ၊ အလူမီနီယမ်ဘီဒို (၂)လုံး၊ မွေ့ယာ၊ ခေါင်းအုံးများ၊ စောင်များ၊ စာအုပ်အနည်းငယ် မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင်ဦးနေဝင်းလှိုင်အား ရွှေပေါက္ကံနယ်မြေ ရဲစခန်းမှ (ပ)၁၂၀/ ၂၀၂၂ ၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 


နောက်ဆုံးရ သတင်းများ