Latest Announcement
feature-image-213

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ သီရိမြိုင်ရပ်ကွက်၊ ကားကြီးကွင်းအတွင်းတွင် ၁၄.၁၂.၂၀၂၂ ရက်နေ့၊ ၁၀ ၀၀ အချိန်ခန့်က လုံးပတ်(၁၀)ပေ၊ အမြင့်(၃၀)ပေခန့်ရှိ သရက်ပင်သည် လေတိုက်ခတ်၍ ကောင်းသစ်စံကားလက်မှတ်အရောင်းခန်း၊ ခရီးသည်နားနေဆောင်ပေါ်သို့ လဲကျမှု ဖြစ်ပွားကြောင်း ကော့သောင်းမြို့နယ်မီးသတ်စခန်းမှ ၁၀ ၃၀ အချိန်သတင်းရရှိသဖြင့် ရှာဖွေကယ်ဆယ်ရေးယာဉ် (၁)စီး၊ သန္ဓေ(၈)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၃ ၃၀ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် (၃၂x၃၂)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ကောင်းသစ်စံကားလက်မှတ်အရောင်းဆိုင်ခန်း(၁)ခန်း၊ (၁၀x၁၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း ခရီးသည်နားနေဆောင် (၁)ဆောင်နှင့် Wave 110(အနက်ရောင်) ဆိုင်ကယ်(၁)စီး၊ ပျက်စီးဆုံးရှုံးခဲ့ကြောင်းနှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းသိရသည်။


နောက်ဆုံးရ သတင်းများ