Latest Announcement
feature-image-212

ရှမ်းပြည်နယ်၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်၊ တောင်ကြီး-ကျိုင်းတုံပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ်(၃၃၉/၀)တွင် ၁၂.၁၂.၂၀၂၂ ရက်နေ့၊ ၁၀ ၁၀ အချိန်ခန့်က မိုင်းပျဉ်းမြို့မှကျိုင်းတုံသို့ ယာဉ်မောင်း ဦးအိုက်ခမ်း မောင်းနှင်လာသော  WISH အမျိုးအစား (အဖြူရောင်) ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်၍ အရှိန်မထိန်းနိုင်ဘဲ ပေ(၁၀၀)ခန့် အနက်ရှိ ချောက်ထဲသို့ ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားကြောင်း မိုင်းပျဉ်းမြို့နယ်မီးသတ်စခန်းမှ ၁၀ ၁၅ အချိန်သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၇)ဦး၊ အရန်(၅)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီ ဆောင်ရွက်ခဲ့ရာ ၁၁ ၁၅ အချိန် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပါကြောင်းနှင့် ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်မောင်း ကျား(၁)ဦး(သေဆုံး)အား ရှမ်းလူငယ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မိုင်းပျဉ်းပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်မောင်း ဦးအိုက်ခမ်းအား မိုင်းပျဉ်းမြို့နယ်ရဲစခန်းမှ ယာဉ်(ပ) ၄/၂၀၂၂ ၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

နောက်ဆုံးရ သတင်းများ