Latest Announcement
feature-image-9

ရှမ်းပြည်နယ်၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ ကောင်းတပ် အမှတ်(၁)ရပ်ကွက်၊ ကောင်းတပ်-ကောင်းဝိုင်း ကားလမ်းတွင် ၁၇.၁.၂၀၂၂ ရက်နေ့၊ ၁၀ ၃၀ အချိန်ခန့်က လုံးပတ်(၅)ပေ၊ အမြင့်(၅၀)ပေခန့်ရှိ ညောင်ပင်သည် နှစ်ကာလကြာမြင့်ပြီး ဆွေးမြေ့ကာ  အပင်အခြေမှ လဲကျမှုဖြစ်ပွားကြောင်း နမ့်ခမ်းမြို့နယ်မီးသတ်စခန်းမှ ၁၀ ၄၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၁၀)ဦးတို့ဖြင့် ရှင်းလင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၇ ၃၀ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါကြောင်းနှင့် အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သိရသည်။