Latest Announcement
feature-image-7

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊ ကျောက်ကြီးကျေးရွာအုပ်စု၊ ကျောက်ကြီးကျေးရွာအနီး မိုင်တိုင်အမှတ် (၇/၁)တွင် ၁၃.၃.၂၀၂၂ ရက်နေ့၊ ၀၇ ၃၅ အချိန်ခန့်က ယာဉ်မောင်း အောင်မျိုး  မောင်းနှင်လာသော FUSO(၂၂)ဘီးတွဲကား (အနီရောင်)ယာဉ်သည် မန္တလေးမြို့မှ ဗန်းမော်သို့ ဘိလပ်မြေများ တင်ဆောင်မောင်းနှင်လာစဉ် လမ်း၏ဝဲဘက်သို့ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သပိတ်ကျင်းမြို့နယ်မီးသတ်စခန်းမှ ၀၇၄၀ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦး၊ အရန်(၃)ဦးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၀၈၅၅ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် ကျား(၂)ဦး၊ မ(၁)ဦး အနက် ယာဉ်မောင်း ကျား(၁)ဦး သေဆုံးနှင့် ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ မ(၁)ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား အောင်ပါရမီလူမှုကူညီရေးအသင်းယာဉ်ဖြင့် သပိတ်ကျင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား ပေါ့လျော့စွာ မဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း အောင်မျိုး(သေဆုံး)အား သပိတ်ကျင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၉/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-ကဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။