၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့၊ မွန်းလွဲ ၁၂ နာရီ ၃၃ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၉၈)ရပ်ကွက်၊ မက္ခရာမင်းသားကြီးလမ်း၊ စက်မှုဇုန်(၂)ရှိ ပိုင်ရှင် ဒေါ်ကေဇင်ဝင်း၏ “မဟာလင်းထက်”အိမ်ဆောက်ပစ္စည်းစက်ရုံတွင် (၃၀၀x၃၀၀)ပေ၊ Steel Structure (၁)ထပ် အဆောက်အဦအတွင်းရှိ (၂၀x၆၀)ပေ ကော်ချောင်းအမှုန့်ကြိတ်စက်ခန်းအတွင်း Jwell အမျိုးအစား ကော်ချောင်းအမှုန့်ကြိတ်စက် မော်တာအပူလွန်ကဲရာမှ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိမီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၈)စီး၊ အထောက်အကူပြုယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၈ မိနစ်အချိန်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် Jwell အမျိုးအစား ကော်ချောင်းအမှုန့်ကြိတ်စက် (၁)လုံး၊ ကော်ချောင်း အပိုင်းအစများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ကော်ချောင်းအမှုန့်ကြိတ်စက် တာဝန်ခံ ဦးမိုးသက်အောင်အား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ (ပ)၄၅၉/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရပါသည်။