Latest Announcement
feature-image-728

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့၊ နေ့လည် ၂ နာရီ အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ သစ်တောလမ်းတွင် ပိုင်ရှင် ဦးစိုးလွင်ဦး၏ နေအိမ်ခြံဝန်းတွင်းရှိ (၁၅x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် ပစ္စည်းဟောင်းများသိုလှောင်သည့် အဆောက်အဦတွင် သွယ်တန်းထားသော ဝိုင်ယာကြိုးပေါက်ပြဲပြီး Short Circuit ဖြစ်ရာမှ စုပုံထားသော စက္ကူဂျပ်ဖာဟောင်းများ ပေါ်သို့ မီးပွားကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပြင်ဦးလွင်ခရိုင်/ မြို့နယ် မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လည် ၂ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၁၅x၂၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၁)ထပ် အဆောက်အဦ(၁)လုံးနှင့် စက္ကူဂျပ်ဖာဟောင်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးစိုးလွင်ဦးအား ပြင်ဦးလွင်မြို့မရဲစခန်းမှ (ပ)၂၃၉/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။ 



နောက်ဆုံးရ သတင်းများ