၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့၊ နံနက် ၇ နာရီ ၁၇ မိနစ်အချိန်ခန့်က မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်၊ မင်းဘူး-စကုကားလမ်းတွင် အမြင့်(၅၅)ပေ၊ လုံးပတ်(၄)ပေခန့်ရှိ ထန်းနောင်းပင်သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပွ၍လဲကျပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် စကုနယ်မြေမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မီးသတ်ယာဉ်(၁)စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရပါသည်။