၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့၊ နေ့လည် ၂ နာရီ ၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ စည်ပင်လမ်းသစ်လမ်းဘေးတွင် လုံးပတ်(၂)ပေခွဲ၊ အမြင့်(၄၀)ပေခန့်ရှိ ကုက္ကိုပင်သည် Wifi ဖိုက်ဘာကြိုးများပေါ်သို့ လဲကျနေကြောင်း သတင်းရရှိသဖြင့် ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၁)စီးဖြင့် ရှင်းလင်းရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ နေ့လည် ၃ နာရီ ၃၅ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးခဲ့ပြီး အဆိုပါဖြစ် စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါကြောင်းနှင့် ပစ္စည်းပျက်စီးဆုံးရှုံးမှုမရှိကြောင်း သိရပါသည်။