Latest Announcement
feature-image-703

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၀ ရက်နေ့၊ နံနက် ၁၁ နာရီ ၃၀ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၊ ထနောင်းပင်လှကျေးရွာတွင် ပိုင်ရှင် ဦးအောင်ကျော်ဦး၏ (၁၅x၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ အထပ်သားခင်း၊ အုတ်ညှပ်(၂)ထပ်နေအိမ်တွင် မီးစက်နှိုးထားရာမှ Safeguard အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ကျောက်ဆည်ခရိုင်မီးသတ်စခန်းနှင့် ကျောက်ဆည်မြို့နယ်မီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၄၅ မိနစ် အချိန်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် (၁၅x၁၅)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ အထပ်သားခင်း၊ အုတ်ညှပ်(၂)ထပ် နေအိမ်(၁)လုံး၊ (၁၅x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း(၂)ထပ် နေအိမ်(၂)လုံး၊ (၁၅x၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်း (၂)ထပ် နေအိမ်(၁)လုံး၊ စုစုပေါင်း နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးအောင်ကျော်ဦးအား ကျောက်ဆည်မြို့မရဲစခန်းမှ (ပ)၃၁၄/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။ 


နောက်ဆုံးရ သတင်းများ