၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့၊ နံနက် ၈ နာရီအချိန်ခန့်က ရှမ်းပြည်နယ်၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်၊ ဝမ်ကောင်းအုပ်စု၊ ဓါတ်လုံဘုရားအဆင်းလမ်းတွင် ယာဉ်မောင်း ဦးအိုက်ခမ်း မောင်းနှင် လာသော 9J/6888 MAZDA (အဖြူရောင်)ယာဉ်သည် ဓါတ်လုံဘုရားမှ ဝမ်ဘန်ကျေးရွာသို့ မောင်းနှင်လာစဉ် အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ရှိ ဓါတ်တိုင်အား ဝင်ရောက်တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မိုင်းယောင်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာအဖွဲ့အစည်း များနှင့် ပူးပေါင်း၍ မီးသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် ပြီးစီးပါသည်။အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါအဝင် အမျိုးသား(၃)ဦးအနက် ယာဉ်မောင်း အမျိုးသား(၁)ဦး (သေဆုံး)၊ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား မိုင်းယောင်းမြို့နယ်ကြက်ခြေနီ တပ်ဖွဲ့မှ သူနာတင်ယာဉ်ဖြင့် မိုင်းယောင်းမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယာဉ်အား ပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း ဦးအိုက်ခမ်း(သေဆုံး)အား မိုင်းယောင်းမြို့မရဲစခန်းမှ ယာဉ်(ပ)၃/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၉-က/၃၃၇/၂၇၉ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရှိရပါသည်။