Latest Announcement
feature-image-683

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင်၊ မိုးသည်းထန်စွာရွာသွန်းပြီး ပဲခူးမြစ်ရေမြင့်တက်မှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ရေပြန်လည်ကျဆင်းသွားသော ပဲခူးမြို့၊ သီရိဥဿာဈေးတွင် တင်ကျန်ခဲ့သော နုန်းမြေများ၊ အမှိုက်များအား နံနက် ၈နာရီ ၃၀ မိနစ်အချိန်ခန့်က ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် သန့်ရှင်းရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ နေ့လည် ၃ နာရီ ၃၀ မိနစ်အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်၊၊