၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်နေ့၊ နံနက် ၉ နာရီ ၄၂ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၁)၊ (၂၃)ရပ်ကွက်၊ စက်မှုဇုန်လမ်းနှင့် ပုသိမ်လမ်းထောင့်ရှိ ပိုင်ရှင် ဦးဇော်မင်းအေး၏ (၆၀x၁၂၀)ပေ၊ Steel Structure (၁)ထပ် အလှကုန်ပစ္စည်းသိုလှောင်ရုံထပ်ခိုး အပေါ်တွင် သွယ်တန်းထားသော လုံခြုံရေးမီးထွန်းသည့်မီးလုံး အပူလွန်ကဲ၍ ပြုတ်ကျပြီး အောက်ရှိ တစ်သျှူးပလပ်စတစ်ပါကင်ထုပ်ပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင် များသည် အုပ်ချုပ်မှုယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၁၁)စီး၊ ရေသယ်ယာဉ် (၈)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၀ နာရီ ၂၉ မိနစ် အချိန်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် (၆၀x၁၂၀)ပေ၊ Steel Structure (၁)ထပ် အဆောက်အဦ(၁)လုံး၊ အလှကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် သိုလှောင်ရုံအစောင့် ဦးဝင်းမြင့်အား ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့မရဲစခန်းမှ(ပ)၇၆၃/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရပါသည်။