Latest Announcement
feature-image-678

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့၊ နံနက် ၇ နာရီ ၅ မိနစ်အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ်(၂၁)ရပ်ကွက်၊ သိမ်ချောင်းလမ်း၊ ဝါးတရာစက်မှုဇုန်ရှိ ပိုင်ရှင် ဦးလှကို၏ (၃၀x၁၂၀)ပေ၊ Steel Structure (၁)ထပ် “မွမွလေး” အကြော်စုံစက်ရုံတွင် (၂x၉)ပေ စားအုန်းဆီကန် (၂)ကန်အား ထင်းမီးဖိုဖြင့် အပူပေးနေစဉ် မီးတောက်များ၍ ဆီကန်အတွင်းရှိ စားအုန်းဆီများအား မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေပြည်သာမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၅)စီး၊ ရေသယ်ယာဉ်(၃)စီးတို့ဖြင့် သွားရောက် ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၃၅ မိနစ် အချိန်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် စားအုန်းဆီ(၁)ပေပါ၊ ကုန်ကြမ်းပြောင်းအိတ်(၃)အိတ် မီးလောင်ဆုံးရှုံး ခဲ့ကြောင်းနှင့် မန်နေဂျာ ဦးမင်းဇော်ဦးအား လှော်ကားနယ်မြေရဲစခန်းမှ (ပ)၂၂၂/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။ 


နောက်ဆုံးရ သတင်းများ