ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မင်းရပ်ရပ်ကွက်၊ အောင်ဆန်းလမ်းနှင့် စိမ်းမြဧရာလမ်းထောင့်ရှိ ပိုင်ရှင် ဒေါ်ရီရီလွင်၏ (၂၀x၃၀)ပေ၊ အုတ်ညှပ်အဆောက်အဦ၊ ပလပ်စတစ်အရောင်းဆိုင်တွင် ၂၄.၆.၂၀၂၁ ရက်နေ့၊ ၀၈ ၀၈ အချိန်ခန့်က မျက်နှာကြက်တွင် သွယ်တန်းထားသော ဝါယာကြိုးများ အပူလွန်ကဲရာမှ အောက်ရှိ ပလပ်စတစ်ပစ္စည်းများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း မြစ်ကြီးနားမြို့နယ် မီးသတ်စခန်းမှ ၀၈ ၁၀ အချိန် သတင်းရရှိသဖြင့် ကချင်ပြည်နယ်မီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ မိတ်ဖက်ရေသယ်ယာဉ်(၁)စီး၊ သန္ဓေ(၄၀)ဦး၊ အရန်(၁၀)ဦးတို့ဖြင့် ရေဂါလန် (၃၅၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၈ ၂၅ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၃၀)ပေ၊ အုတ်ညှပ်အဆောက်အဦ၊ ပလပ်စတစ် အရောင်းဆိုင်၏ တံခါးများ၊ ပလပ်စတစ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ရီရီလွင်အား မြစ်ကြီးနားမြို့နယ်မြို့မရဲစခန်းမှ (ပ)၇၇/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။