Latest Announcement
feature-image-651

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၇ ရက်နေ့၊ နံနက် ၃ နာရီ ၄၀ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းကျေးရွာအုပ်စု၊ ဝါးနက်ချောင်းဈေးအပြင်ဘက်ရှိ ပိုင်ရှင် ဦးအောင်ဇော်မြင့်၏ (၈x၁၂)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်း ဈေးဆိုင်ခန်းတွင် ရေခဲသေတ္တာနှင့် သွယ်တန်းထားသည့် Safe Guard အပူလွန်ကဲရာမှ မီးပွားထွက်ပြီး အောက်ရှိ အဝတ်ပုံနှင့် စာအုပ်ပုံများပေါ်သို့ မီးပွားကျ၍ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြှိမ်းသတ်ယာဉ်(၈)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အထောက်အကူပြုယာဉ်(၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ် ခဲ့ရာ နံနက် ၄ နာရီ ၃၄ မိနစ် အချိန်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် (၈x၁၂)ပေ၊ သွပ်မိုး၊ ကျောက်ပြားကာ၊ ကွန်ကရစ်ခင်း ဈေးဆိုင်ခန်း (၁၄) ခန်း၊ ရေခဲသေတ္တာ (၃)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦအောင်ဇော်မြင့်အား မှော်ဘီမြို့မရဲစခန်းမှ (ပ)၂၁၇/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။



နောက်ဆုံးရ သတင်းများ