Latest Announcement
feature-image-650

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နေ့လည် ၂ နာရီ ၂၈ အချိန်ခန့်က ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ရွှေကူမြို့နယ်အတွင်းရှိ မြေနိမ့်ပိုင်းကျေးရွာဖြစ်သည့် ရွှေပေါ်ကျွန်းကျေးရွာရှိ လူနေအိမ်များအတွင်းသို့ ရေဝင်ရောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရွှေကူမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် များသည် ရှာဖွေကယ်ဆယ်ရေးလှေ(၁)စီးတို့ဖြင့် ကူညီရွေ့ပြောင်းပေးခြင်းလုပ်ငန်းများ ထွက်ခွာဆောင်ရွက် ခဲ့ရာ ညနေ ၆ နာရီ အချိန်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ရွှေကူမြို့နယ်၊ ရွှေပေါ်ကျွန်းကျေးရွာမှ အိမ်ထောင်စု (၁၅)စု၊ ကျား(၂၈)ဦး၊ မ(၃၆)ဦး စုစုပေါင်း(၆၆)ဦးတို့အား ရေဘေးလွတ်ရာ ရွှေပေါ်ကျွန်းဘုန်းတော်ကြီးကျောင်းသို့ ကူညီ ရွေ့ပြောင်းပေးခဲ့ပါကြောင်း နှင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ