Latest Announcement
feature-image-649

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့၊ နံနက် ၄ နာရီ ၅၀ မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ ယုဇနလမ်း၊ ခြံအမှတ်(ည/၇၁)၊ “သဇင်” ရန်ကုန်-ထားဝယ် ကုန်စည်ပို့ဆောင်ရေးဂိတ်တွင် ညအိပ်ရပ်နားထားသော ယာဉ်မောင်း ဦးရဲထက်၏  Hino (၂၂)ဘီး(အဖြူရောင်)ကုန်တင်ယာဉ်ပေါ်သို့ ဂိတ်အတွင်း သွယ်တန်းထားသော ဝိုင်ယာကြိုးမီးလောင်၍ ကြိုးပြတ်ကျရာမှ ယာဉ်ပေါ်တွင် တင်ထားသော ကုန်ပစ္စည်းများပေါ်သို့ မီးပွားကျ၍ မီးကူးစက်လောင်ကျွမ်း မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၃)စီး၊ ရေသယ်ယာဉ် (၂)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၅ နာရီ ၃၃ မိနစ် အချိန် တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် (၂၂)ဘီး(အဖြူရောင်)ကုန်တင်ယာဉ်ပေါ်တွင် တင်ထားသော Tissue လိပ်၊ GP ဆန်ထုပ်၊ နိုင်ငံခြားဆေး/မြန်မာဆေး၊ ဆေးပေါ့လိပ်၊ ပေါင်ဒါမှုန့်၊ ဘောပင်၊ သွားတိုက်တံနှင့် အလှကုန်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ဦရဲထက်အား မရမ်းကုန်းမြို့နယ်၊ ဘုရင့်နောင်နယ်မြေရဲစခန်းမှ (ပ)၁၁၂/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထား ကြောင်း သိရှိရပါသည်။


နောက်ဆုံးရ သတင်းများ