မွန်ပြည်နယ်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ မြသပိတ်ဘုရားလမ်းနေ နေအိမ်ခြံဝင်း အတွင်းရှိ ရေတွင်းတွင် ၃၁.၃.၂၀၂၁ ရက်နေ့၊ ၁၂၄၅ အချိန်ခန့်က အသက် (၁၂)နှစ်အရွယ် မ(၁)ဦးသည် ရေတွင်းအဖုံးဖွင့်စဉ် ခြေချော်၍ ရေတွင်းထဲသို့ ပြုတ်ကျမှု ဖြစ်ပွားနေကြောင်း သထုံမြို့နယ်မီးသတ်စခန်းမှ ၁၂၄၆ အချိန်တွင် သတင်းရရှိသဖြင့် မီးသတ်စက်ယာဉ် (၁)စီး၊ သန္ဓေတပ်ဖွဲ့ဝင်(၈)ဦး၊ သက်တန့်ရောင်စဉ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်၍ ရေတွင်းအကျယ်(၅)ပေ၊ အနက်(၂၅)ပေခန့်ရှိသော ရေတွင်းထဲမှ လူအား သတိလစ်မေ့မျောမှုမဖြစ်စေရန် Ventilator ဖြင့် လေမှုတ်သွင်းခြင်းလုပ်ငန်းများကို ဦးစွာဆောင်ရွက်ပြီး၊ တစ်ချိန်ထဲမှာပင် အသက်ကယ်မီးသတ် တပ်သား အောင်ကျော်ကျော်မှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး အသက်ရှူကိရိယာ B.A Set ဖြင့် ကြိုးဆင်းကြိုးတက် အသက်ကယ်နည်းစနစ်များဖြင့် ရေတွင်းထဲမှ မ(၁)ဦးအား အချိန်တိုအတွင်း အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းများ အား ၁၃၀၀ အချိန်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။