
၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့၊ နံနက် ၉ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၁/၃)နှင့် (၂၁/၄)ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ ယာဉ်မောင်း ဦးအောင်ကျော်မင်း မောင်းနှင်လာသော TATA SUPER RACE(အဖြူရောင်)ယာဉ်၏ ယာဉ်မောင်းအိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်း၏ယာဘက်ခြမ်းရှိ မလေးရှားပိတောက်ပင်အား တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁)မိုင်အမြန်လမ်းမီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက် ဆောင်ရွက်ခဲ့ရာ နံနက် ၉ နာရီ ၄၆ မိနစ် အချိန်တွင် ပြီးစီးပါသည်။ အဆိုပါယာဉ်တိုက်မှုကြောင့် TATA SUPER RACE(အဖြူရောင်)ယာဉ်၏ ရှေ့ခြမ်းပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား လှော်ကားကျေးရွာ လူမှုကူညီရေးအသင်းယာဉ်ဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်မောင်း ဦးအောင်ကျော်မင်းအား ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၉/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၃၈ အရ အမှုဖွင့်အရေးယူထားကြောင်းသိရှိရပါသည်။