Latest Announcement
feature-image-62

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပေါ်တော်မူကျေးရွာ၊ ဂျိုင်းရွာလမ်းတွင် ၁၉.၈.၂၀၂၁ ရက်နေ့၊ ၀၈ ၅၀ အချိန်ခန့်က ယာဉ်မောင်း ဦးသန်းအောင် မောင်းနှင်လာသော (အပြာရောင်) မြေသယ်ယာဉ်သည် ဂျိုင်းရွာမှ မြေကြီးပို့၍ပြန်လာစဉ် လားရာတူမောင်းနှင်နေသော သုံးဘီးဆိုင်ကယ်အား ကျော်တက်ရာမှ လမ်းဘေးသို့ ထိုးကျ၍ ယာဉ်မောင်းသည် ကားခေါင်းခန်းအတွင်း ညပ်နေကြောင်း သထုံမြို့နယ်မီးသတ်စခန်းမှ ၀၈ ၅၅ အချိန် သတင်းရရှိသဖြင့် မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦးတို့သည် ကြင်နာတွဲလက်လူမှုကူညီရေးအသင်း၊ သက်တန့်ရောင်စဉ်လူမှုကူညီရေးအသင်းနှင့် သက်ဆိုင်ရာအဖွဲ့ အစည်းများပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ကားခေါင်းတွင်ညပ်နေသူ ယာဉ်မောင်း ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား ၀၉ ၅၂ အချိန်တွင် ကယ်ဆယ်နိုင်ခဲ့ရာ သက်တန့်ရောင်စဉ်လူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် သထုံခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ၁၀ ၀၀ အချိန်လုပ်ငန်းဆောင်ရွက်ပြီးစီးကြောင်း သိရသည်။