Latest Announcement
feature-image-5

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့၊အမှတ်(၄)ရပ်ကွက်၊ ရွှေစေတီလမ်း၊ ရွှေမုဌောဘုရားဆိုင်ခန်းတွင် ၁၈.၃.၂၀၂၂ ရက်နေ့၊ ၀၀ ၄၅ အချိန်ခန့်က ပိုင်ရှင် ဦးနေလွင်၏ (၂၀x၄၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၂)ထပ် Sun Mobile ဖုန်းနှင့် ဆက်စပ်ပစ္စည်းအရောင်းဆိုင်တွင် မီးအားမြှင့်စက် အပူလွန်ကဲရာမှ အနီးရှိ Phone Coverများ သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း ပုသိမ်နယ်မြေ မီးသတ်စခန်းမှ တာဝန်ကျကင်းသမား ၀၀ ၅၅ အချိန် မြင်တွေ့ရသည့်အတွက် မီးငြှိမ်းသတ်ယာဉ် (၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဧရာဝတီတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ အထောက်အကူပြုယာဉ်(၁)စီး၊ ပုသိမ်ခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ပုသိမ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ငဝန်ကျွန်းသာနယ်မြေ မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး၊ ဘက်စုံလူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ်(၂)စီး စုစုပေါင်းမီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၆)စီး၊ သန္ဓေ(၆၅)ဦး၊ အရန်(၂၀)ဦး တို့သည် ရေဂါလန်(၁၇၀၀၀)ခန့် အသုံးပြုငြှိမ်းသတ်ခဲ့ရာ ၀၁ ၂၀ အချိန် မီးငြိမ်းခဲ့ပြီး၊ မီးလောင်မှုကြောင့် (၂၀x၄၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း(၂)ထပ် (၁)လုံး၊ ဖုန်းနှင့်ဆက်စပ်ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး မန်နေဂျာ ဦးငြိမ်းချမ်းစိုးအား ပုသိမ်နယ်မြေရဲစခန်းမှ (ပ)၄၆/၂၀၂၂၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။



နောက်ဆုံးရ သတင်းများ