၂၀၂၄ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ နံနက် ၆ နာရီ ၅၃ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဉက္ကလာပမြို့နယ်၊ ရွှေပေါက်ကံစက်မှုဇုန်၊ (၁၈/၁၉)ရပ်ကွက်၊ ကနောင်(၁၄)လမ်းနှင့် ကံ့ကော် လမ်းထောင့်တွင် ပိုင်ရှင် ဦးတင်မျိုးလှိုင်၏ (၂၀x၂၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ် “SHIN SUNG” အထည်ချုပ်စက်ရုံ အဆောက်အဦရှိ (၁၀x၅)ပေ ဘွိုင်လာထားသည့်နေရာတွင် ဘွိုင်လာအိုးအသုံးပြု နေစဉ် မီးပွားထွက်၍ အနီးရှိ မီးမွှေးရန်အသုံးပြုသည့် လောင်စာအမှိုက်များပေါ်သို့ မီးပွားကျ၍ မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်း များမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၉)စီး၊ ရေသယ်ယာဉ်(၅)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၇ နာရီ ၇ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၁၀x၅)ပေ ဘွိုင်လာထားသည့်အဆောက်အဦ၊ ဘွိုင်လာအသုံးပြုသည့် လောင်စာထင်းနှင့် ပိတ်ဖြတ်စညှပ်စများ မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးတင်မျိုးလှိုင်အား ရွှေပေါက်ကံနယ်မြေရဲစခန်းမှ (ပ)၂၆/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရှိရပါသည်။