၂၀၂၄ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့၊ နေ့လည် ၃ နာရီ ၄၀မိနစ်ခန့်က ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဗထူးရပ်ကွက်၊ (၅)လမ်းတွင် ပိုင်ရှင် ဦးဝင်းထွဋ်၏ (၂၅x၃၀)ပေ၊ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်း RC(၂)ထပ်နေအိမ်၏ (၁၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နောက်ဖေး မီးဖိုဆောင်တွင် လျှပ်စစ်ဒယ်နီအိုးဖြင့် ဟင်းချက်ရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရေကြည်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီးတို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နေ့လည် ၃ နာရီ ၅၀မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၁၀x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နောက်ဖေးမီးဖိုဆောင် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဦးဝင်းထွဋ်အား ရေကြည်မြို့မရဲစခန်းမှ (ပ)၁၈/၂၀၂၄၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။