Latest Announcement
feature-image-552

၂၀၂၄ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့၊ နံနက် ၁၀နာရီ ၄၀ မိနစ်ခန့်က ရခိုင်ပြည်နယ်၊ သံတွဲမြို့၊ အမှတ်(၃)ရပ်ကွက်၊ သစ္စာလမ်းသွယ်တွင် ပိုင်ရှင် ဒေါ်ခင်ငြိမ်းချမ်း၏ (၁၅x၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ် (၂)ထပ် နေအိမ်တွင် မီးပလပ်ခုံ အပူလွန်ကဲ၍ ဝိုင်ယာကြိုးများမှတစ်ဆင့် အပေါ်ရှိ အဝတ်စများသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သံတွဲခရိုင်/မြို့နယ် မီးသတ်စခန်းများမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် အုပ်ချုပ်မှုယာဉ်(၁)စီး၊ မီးငြိှမ်းသတ်ယာဉ်(၃)စီး၊‌ ရေသယ်ယာဉ်(၂)စီး တို့ဖြင့် သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၁၁ နာရီ ၂၀ မိနစ်တွင် မီးငြိမ်းပါသည်။ အဆိုပါမီးလောင်မှုကြောင့် (၁၅x၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ(၁)ထပ် နေအိမ်(၂)လုံး၊ (၁၅x၄၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်(၂)ထပ် နေအိမ်၏အပေါ်ထပ် မီးလောင်ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်ခင်ငြိမ်းချမ်းအား သံတွဲမြို့မရဲစခန်းမှ (ပ)၄၆/၂၀၂၄၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။