Latest Announcement
feature-image-4

ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၇၈/၄) အနီးတွင် ၂၅.၁၂.၂၀၂၁ ရက်နေ့၊ ၁၅ ၄၀ အချိန်ခန့်က ရန်ကုန်ဘက်မှ  နေပြည်တော်ဘက်သို့ ယာဉ်မောင်း ဦးအောင်ဇော်ဝင်း မောင်းနှင်လာသော MITSUBISHI PAJERO အမျိုးအစား(ခဲရောင်) ယာဉ်သည် မောင်းနှင်နေစဉ် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သာဂရအမြန်လမ်းမီးသတ်စခန်းမှ ၁၅ ၄၅ အချိန် သတင်းရရှိသဖြင့် မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေ(၆)ဦးတို့သည် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ကူညီဆောင်ရွက်ခဲ့ရာ ၁၇ ၀၀ အချိန်တွင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်းအပါ ကျား(၄)ဦး၊ မ(၄)ဦး၊ ကျား ကလေး(၂)ဦး၊ မ ကလေး(၃)ဦး၊ စုစုပေါင်း(၁၃)ဦးအနက် ကျား(၁)ဦး၊ မ(၁)ဦး၊ ကျား ကလေး (၁)ဦး စုစုပေါင်း(၃)ဦး သေဆုံးခဲ့သဖြင့် ဆွာနိဗ္ဗာန်ယာဉ်ဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ထိခိုက်ဒဏ်ရာ ကျား(၂)ဦး၊ မ(၃)ဦး၊ ကျား ကလေး(၁)ဦးနှင့် မ ကလေး(၁)ဦး၊ (မစိုးရိမ်ရ)၊ ထိခိုက်ဒဏ်ရာ ကျား ကလေး(၁)ဦးနှင့် မ ကလေး (၁)ဦး (စိုးရိမ်ရ)၊ စုစုပေါင်း(၉)ဦးတို့အား သာဂရ RESCUE ALBULANCE သူနာတင်ယာဉ်နှင့် သာဂရအမြန်လမ်း ရဲတပ်ဖွဲ့ပိုင်ယာဉ်တို့ဖြင့် နေပြည်တော် ကုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး၊ ကျန် ကျား(၁)ဦးမှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်းနှင့် ယာဉ်အား မဆင်မခြင် ပေါ့ဆစွာမောင်းနှင်သူ ယာဉ်မောင်း ဦးအောင်ဇော်ဝင်း(သေဆုံး)အား  သာဂရအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၁၆/၂၀၂၁၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၃၃၈/၃၀၄-က ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။