
၂၀၂၃ ခုနစ်၊ နိုဝင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၉ နာရီခန့်က ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ နေပြည်တော်-ရန်ကုန်အမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၁၇/၀)နှင့် (၁၁၇/၁)ကြားတွင် နေပြည်တော်မှ ရန်ကုန်သို့ ယာဉ်မောင်း ဦးသန်းဇော် မောင်းနှင်လာသော PROBOX အမျိုးအစား (အပြာရောင်)အဌားယာဉ်သည် ရှေ့ဝဲဘက်ဘီးပေါက်၍ အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းတွင် ကာရံထားသောအုတ်ခုံအား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် (၁၁၅)မိုင် အမြန်လမ်း မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ နံနက် ၁၀ နာရီ ၁၅ မိနစ်တွင် လုပ်ငန်းဆောင်ရွက်ပြီးစီးပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်မောင်းအပါအဝင် ယာဉ်ပေါ်ပါ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၃)ဦးတို့ အနက် အမျိုးသား(၁)ဦး၊ အမျိုးသမီး(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား ရဲတပ်ဖွဲ့ပိုင်ယာဉ်ဖြင့် ဖြူးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပါကြောင်းနှင့် ယာဉ်အားပေါ့ဆစွာ မောင်းနှင်သူ ယာဉ်မောင်း ဦးသန်းဇော်အား ဖြူးအမြန်လမ်းမကြီးရဲစခန်းမှ ယာဉ်(ပ)၁၈/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ၂၇၉/ ၃၃၇ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရပါသည်။