Latest Announcement
feature-image-471

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့၊ မွန်းတည့် ၁၂ နာရီခန့်က ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့တာကျေးရွာအုပ်စု၊ ရွှေချမ်းသာကျေးရွာတွင် ပိုင်ရှင် ဦးစိန်ဟင်း၏ (၆၀x၃၀)ပေ၊ သွပ်မိုး၊ အုတ်ညှပ်၊ ပျဉ်ခင်း(၂)ထပ်နေအိမ်၏ အပေါ်ထပ်ရှိ လျှပ်စစ်ပန်ကာအပူလွန်ကဲရာမှ အခင်းကော်ဇောသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် အိန္ဒုနယ်မြေမီးသတ်စခန်းများမှ သန္ဓေ/အရန်တပ်ဖွဲ့ဝင် များသည် မီးသတ်ယာဉ်(၁)စီးဖြင့် သွားရောက်၍ မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းပါသည်။အဆိုပါမီးလောင်မှုကြောင့် (၆၀x၃၀)ပေ၊ အုတ်ညှပ်၊ ပျဉ်ကာ၊ ပျဉ်ခင်း (၂)ထပ်နေအိမ်၏ အပေါ်ထပ် မီးလောင်ခံရပြီး ပိုင်ရှင် ဦးစိန်ဟင်းအား အိန္ဒုနယ်မြေရဲစခန်းမှ (ပ)၄၅/၂၀၂၃၊ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၈၅ ဖြင့် အရေးယူထားကြောင်း သိရှိရပါသည်။